ပိုက်ဆံမကုန်ဘဲ workvisaနဲ့ဂျပန်ကိုဘယ်လိုသွားမလဲ။

free workvisa

ပိုက်ဆံမကုန်ဘဲ Work Visaနဲ့ဂျပန်ကို ဘယ်လိုသွားမလဲဆိုတာကတော့ Adminရဲ့အတွေ့အကြုံကိုအခြေခံပြီးပြောပြပေးသွားပါမယ်။
Adminကတော့ လက်ရှိဂျပန်မှာ Digital Marketingအပိုင်းနဲ့အလုပ်လုပ်နေပါတယ်။

ပိုက်ဆံမကုန်ဘဲနဲ့ Work Visaနဲ့ ဂျပန်မှာအလုပ်လုပ်မယ်ဆိုရင် အရင်ဆုံး ဘာတွေလိုအပ်လဲဆိုတာ ပြောပြပါမယ်။

(၁) တက္ကသိုလ်တစ်ခုခုကနေဘွဲ့ရထားရမယ်။
(၂) ဂျပန်စာအရည်အချင်းစာမေးပွဲ(JLPT)ကို N3အထက်အောင်ထားရမယ်။

ဒါဆိုရင်လျှောက်လို့ရပါပြီ။
အပေါ်က(၂)ချက်ရှိရုံနဲ့ရပါတယ်။ တခြားဘာမှမလိုပါဘူး။

အခုကနေစပြီးAdminရဲ့အတွေ့အကြုံကိုပြောပြပေးသွားပါမယ်။
Adminကတော့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ဂျပန်ဘာသာအထူးပြုနဲ့ဘွဲ့ရခဲ့ပါတယ်။ ဂျပန်ဘာသာနဲ့ဘွဲ့ရခဲ့တယ်ဆိုပေမယ့်လည်း ဂျပန်မှာအလုပ်လုပ်နိုင်ဖို့ကတော့ ကိုယ်တိုင်လျှောက်ခဲ့ရတာပါ။ ဒါကြောင့်အကုန်လုံးနဲ့အတူတူပါဘဲ။ အားသာတာတစ်ခုကတော့ ဂျပန်ဘာသာသီးသန့်ချည်းဘဲ လုပ်ခဲ့ရတာမလို့ ဂျပန်ဘာသာနဲ့ ဂျပန်ယဥ်ကျေးမှုကို ပိုပြီးသိတာတစ်ခုပါဘဲ။ ဒါကလည်းကျန်တဲ့လူတွေက အချိန်ပေးလုပ်ရင်ရတဲ့အရာတစ်ခုပါ။

လိုရင်းကိုဆက်ပြီးသွားပါမယ်။
ဘွဲ့ရပြီးတော့အလုပ်ရှာဖို့ဖြစ်လာပါတယ်။ တော်တော်များများလူတွေမသိသေးတာကတော့ မြန်မာနိုင်ငံမှာရှိနေရင်းနဲ့ဘဲ ဂျပန်နိုင်ငံက ကုမ္ပဏီတွေကို တိုက်ရိုက်အလုပ်လျှောက်တာ၊ ပြီးတော့ Career Support siteတွေကနေ တဆင့်အလုပ်လျှောက်လို့ရတယ်ဆိုတဲ့အချက်ပါဘဲ။
Adminကတော့ (၂)ခုလုံးလျှောက်ကြည့်ခဲ့ပါတယ်။

တစ်ခုချင်းစီဆက်ပြီး ပြောပြပါမယ်။

(၁) ဂျပန်ကုမ္ပဏီကိုတိုက်ရိုက်လျှောက်ခြင်း

ပထမတစ်ခုက ဂျပန်နိုင်ငံမှာရှိတဲ့ ကိုယ်အလုပ်လုပ်တဲ့ကုမ္ပဏီကိုတိုက်ရိုက်လျှောက်တာဖြစ်ပါတယ်။

ဒါကဘာလဲဆိုရင် ဂျပန်ကုမ္ပဏီတော်တော်များများမှာ 採用(さいよう)ဆိာ လို့ခေါ်တဲ့pageတစ်ခုရှိပါတယ်။ ဒီpageမှာက ခေါ်တဲ့အလုပ်အမျိုးအစားတွေ၊ လိုအပ်တဲ့အရည်အချင်းတွေ၊ ပြီးတော့ ဘယ်အချိန်မှာအလုပ်ဝင်ရမယ်ဆိုတာတွေကို ရေးထားပါတယ်။ ပုံမှန်အားဖြင့် ဂျပန်ကုမ္ပဏီတွေရဲ့ အလုပ်ဝင်ချိန်က (၄)လပိုင်းနဲ့ (၁၀)လပိုင်းဆိုပြီး ရှိပါတယ်။ အဲဒါတွေကိုဖတ်ပြီးလျှောက်ရတာဖြစ်ပါတယ်။ 

လုပ်ရမယ့်အချက်တွေကတော့ ကိုယ်လျှောက်ချင်တဲ့ကုမ္ပဏီကိုwebsiteမှာ ရှာပါ။ ပြီးရင် အဲဒီကုမ္ပဏီ ရဲ့ 採用pageမှာကိုယ့်ရဲ့CVကို တင်ရပါမယ်။ CVတင်ပြီးသူတို့ကကြိုက်ရင် အင်တာဗျူးခေါ်ပါတယ်။ အင်တာဗျုးကိုက Zoomကနေတဆင့်ဗျူးတာပါ။ ပထမအင်တာဗျူးအောင်သွားရင် နောက်တစ်ခါထပ်ဗျူးပါမယ်။ အောင်သွားရင်တော့ အလုပ်ခန့်ပြီပေါ့နော်။ ဒါကပထမလျှောက်နည်းပါ။ 

(၂) Carrer Support siteကနေလျှောက်ခြင်း

နောက်တစ်ခုက Career Support siteကနေတဆင့်လျှောက်တာပါ။
ဒီအတွက်လည်း Career Support siteတွေကို ဝန်ဆောင်ခပေးစရာမလိုပါဘူး။

Career Support siteမှာကိုယ့်ရဲ့CVကို တင်ထားရုံပါဘဲ။ သူတို့ကကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေရင် ဆက်သွယ်လာပြီး အင်တာဗျူးဖြေဖို့လုပ်ပေးပါတယ်။ အင်တာဗျုးဖြေပြီးအောင်ရင်တော့ အလုပ်ရပြီပေါ့နော်။ Adminတုန်းကတော့ Career Supportရဲ့ချိတ်ဆက်ပေးမှုနဲ့ စင်ကာပူနိုင်ငံက ဂျပန်Job Fairမှာအင်တာဗျူးသွားဖြေခွင့်ရခဲ့ပါတယ်။ ခရီးစဥ်အကုန်လုံးအတွက် ဒေါ်လာ(၃၀၀)ရခဲ့ပြီးတော့ လေယာဥ်လက်မှတ်လည်းအခမဲ့ရခဲ့ပါတယ်။

အလုပ်ရပြီဆိုရင် ဘာဆက်လုပ်ရမလဲ။

အလုပ်ရပြီဆိုရင် ဂျပန်ကုမ္ပဏီအလုပ်ရှင်ဘက်ကနေ အလုပ်ခန့်စာ၊ COE၊ လေယာဥ်လက်မှတ်အပါအဝင်တခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေပို့ပေးပါတယ်။ စာရွက်တွေရောက်လာရင် OWICကတ်တွေလုပ်မယ်၊ ဗီဇာလျှောက်တာတွေလုပ်မယ် ပြီးရင်တော့ အလုပ်ကပေးတဲ့လေယာဥ်လက်မှတ်နဲ့ဘဲ ဂျပန်ကိုလာခဲ့တာပါ။ ဒါကြောင့်မလို့ ပိုက်ဆံမကုန်ဘဲ Work Visaနဲ့ ဂျပန်မှာအလုပ်လုပ်ကိုင်နိုင်တာဘဲဖြစ်ပါတယ်။ 

Adminကတော့ အပေါ်က(၂)မျိုးလုံးနဲ့လျှောက်ခဲ့ပြီးတော့ offer (၅)ခုလောက်ရခဲ့ပါတယ်။

အဲဒီအထဲကနေ ကိုယ်အလုပ်ချင်ဆုံး၊ ကိုယ်အကိုက်ညီဆုံးလို့ထင်တဲ့အလုပ်ကိုရွေးခဲ့တာဘဲ ဖြစ်ပါတယ်။ 

အပေါ်မှာပြောသွားတဲ့အထဲမှာမှ ထပ်ပြီးသိချင်တာတွေရှိရင် commentမှာ လာရောက်ပြီး လာမေးလို့ရပါတယ်။ အားလုံးအတွက်အကျိုးရှိမယ့်အရာတွေကို သေချာလေးပြောပြပေးသွားပါမယ်။

コメントを残す

Latest Stories

The most (language platform)をもっと見る

今すぐ購読し、続きを読んで、すべてのアーカイブにアクセスしましょう。

続きを読む