How to say “Thanks” in Japanese

ကျေးဇူးတင်ပါတယ်ဆိုတာကို ဂျပန်စကားလုံးတွေနဲ့ ဘယ်လိုပြောကြမလဲ

ဂျပန်ဘာသာစကားမှာ “ကျေးဇူးတင်ပါတယ်”နဲ့ ပတ်သက်ပြီးအသုံးပြုတဲ့စကားလုံးတွေ အများကြီးရှိပါတယ်။ နေ့စဥ် ပုံမှန်အသုံးပြုတဲ့စကားလုံးကတော့ ”ありがとうございます”ဖြစ်ပေမယ့် အသက်အရွယ်၊ နေရာပေါ်လိုက်ပြီး အသုံးပြုတဲ့စကားလုံးတွေလည်း ကွဲပြားသွားတာတွေရှိပါတယ်။ ဒီတစ်ခါမှာတော့ “ကျေးဇူးတင်ပါတယ်”ဆိုတဲ့ စကားလုံးက ဂျပန်စကားလုံးမှာ ဘယ်လောက်ရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး စကားလုံးတစ်ချို့ကို ရေးသားသွားပါမယ်။

(1)ありがとうございます

ဒီစကားလုံးကတော့ နေရာတကာမှာမြင်တွေ့နေရပြီး ပုံမှန်အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်။ ငယ်ရွယ်တဲ့သူက ကိုယ့်ထက်ကြီးတဲ့သူကို၊ တခြားကိုယ်နဲ့မသိတဲ့သူတစ်ယောက်ကို ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့အခါမှာတော့ ”ありがとうございます” ကိုအသုံးပြုကြပါတယ်။

(2)ありがとう

ဒီစကားလုံးကတော့ ကိုယ့်ထက်ငယ်ရွယ်တဲ့သူကို၊ အထက်လူကြီးကအောက်လက်ငယ်သားကို၊ သူငယ်အချင်းချင်း ကျေးဇူးတင်ပါတယ်လို့ပြောတဲ့အခါမှာ ございますကိုဖြုတ်ပြီး ありがとうလို့ဘဲ ပြောကြပါတယ်။

(3)どうも

ဒီစကားလုံးကတော့ ပေါ့ပေါ့ပါးပါးနဲ့ပြောတဲ့စကားလုံးဖြစ်ပြီး မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရင် “ကျေးဇူးပါ”လို့ အဓိပ္ပာယ်သက်ရောက်ပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးအသုံးပြုတဲ့စကားလုံးဖြစ်တာကြောင့် ကိုယ့်ထက်ကြီးတဲ့သူတွေနဲ့ ကိုယ့်ရဲ့အထက်အရာရှိလူကြီးတွေနဲ့ စကားပြောတဲ့အခါမှာတော့ အသုံးပြုဖို့အဆင်မပြေပါဘူး။

(4)あざっす

ဒါကတော့ဆယ်ကျော်သက်ကလေးတွေ၊ အသက်၂၀အရွယ်ကလေးတွေကြားမှာ အသုံးများတဲ့ ကျေးဇူးတင်ပါတယ်ရဲ့ ဗန်းစကားဖြစ်ပါတယ်။ အထူးသဖြင့်လူငယ်ယောက်ျားလေးတွေအသုံးပြုကြတာများပါတယ်။ လူငယ်တွေကြားမှာဘဲအသုံးများတဲ့စကားလုံးဖြစ်တာကြောင့် ဒီစကားလုံးကိုမသိကြတဲ့ဂျပန်လူကြီးတွေလည်းရှိကြပါတယ်။

(5)おおきに

ဒီစကားလုံးကတော့ အိုဆာကာဒေသမှာ အသုံးပြုတဲ့ကျေးဇူးတင်ပါတယ်ရဲ့ ဒေသစကားလုံးဘဲဖြစ်ပါတယ်။ တိုကျိုဒေသမှာ အသုံးမပြုတာကြောင့် တိုကျိုမှာဒီစကားလုံးကိုအသုံးပြုလျှင် အိုဆာကာကလာတဲ့လူလို့ သေချာပေါက်ထင်ကြမှာဖြစ်ပါတယ်။

(6)サンキュー

サンキューဆိုတာကတော့ Englishဘာသာစကားဖြစ်တဲ့ Thank Youကို ဂျပန်လိုတိုက်ရိုက်အသံထွက်ပြီး ရေးထားတာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ကျေးဇူးတင်ပါသည်ပါဘဲ။ နိုင်ငံခြားသားတွေဂျပန်မှာများပြားလာတာနဲ့အညီ ဂျပန်လူမျိုးတွေကလည်း ကျေးဇူးတင်ပါတယ်ကိုပြောတဲ့အခါ サンキューကိုလည်း အသုံးပြုလာကြပါတယ်။

(7)感謝(かんしゃ)します

ဒီစကားလုံးကတော့ စကားပြောတဲ့စာအသုံးအနှုန်းနဲ့ပြောတဲ့နေရာမှာတွေ့ရတတ်ပါတယ်။ အထူးသဖြင့် မေးလ်ပို့တဲ့အခါမှာ စာကြောင်းထဲမှာ ထည့်ရေးတာတို့တွေရှိပါတယ်။

Latest Stories

The most (language platform)をもっと見る

今すぐ購読し、続きを読んで、すべてのアーカイブにアクセスしましょう。

続きを読む