
2019ခုနှစ်မှာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ဂျပန်ဘာသာအထူးပြု B.A (Japanese)နဲ့ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့နောက်မှာတော့ ဂျပန်နိုင်ငံကိုသွားရောက်ခဲ့ပြီး လက်ရှိမှာ Digital Marketingပိုင်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်ကိုင်နေပါတယ်။
ဒီwebsiteကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်
လက်ရှိမှာ ဂျပန်ဘာသာကိုသင်ကြားလိုသူတွေ၊ ဂျပန်နိုင်ငံမှာသွားရောက်အလုပ်လုပ်လိုသူတွေ များပြားလာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဘယ်ကနေစရမယ်ဆိုတာမသိတာ၊ သင်ကြားဖို့အတွက်ငွေရေးကြေးရေးအဆင်မပြေတာ၊ အလုပ်ကိုဘယ်လိုရှာရမယ်မသိတာ အစရှိတဲ့အခက်အခဲတွေအများကြီးရှိတာကိုလည်းတွေ့ရပါတယ်။ ဒီလိုအခက်အခဲတွေကို အလွယ်တကူဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီး The Mostဆိုတဲ့ Websiteကို တည်ထောင်လိုက်ပါတယ်။ ဒီPageကအလုံးစုံ Freeပါ။ ဂျပန်ဘာသာကိုသင်မယ်ဆိုလည်း အခမဲ့လေ့လာနိုင်ပါတယ်။ ဂျပန်အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီးလည်း အခမဲ့ဖတ်ရှုနိုင်၊ မေးမြန်းနိုင်ပါတယ်။ ဂျပန်နဲ့ပတ်သက်ပြီး အားလုံးအခက်အခဲမရှိဘဲ အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီwebsiteကိုတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။
Work Experience
2019-2021 Transportation Department (Basic Logistics foundation)
2021-2026 Logistics Department (BtoB Digital Marketing)
Education
2016-2017 Tokyo University of Foreign Studies, Japan (Exchange Student)
2012-2019 Mandalay University of Foreign Languages, Mandalay
Certification
2018 日本語能力試験(JLPT)N1
2022 運行管理者
2023 物流技術管理士
2023 Marketing Specialist