Hokkaidoကိုအလည်သွားခြင်း

ဂျပန်နိုင်ငံရဲ့ ကျွန်းကြီးတစ်ကျွန်းဖြစ်တဲ့Hokkaidoကတော့ ဂျပန်နိုင်ငံရဲ့ မြောက်ဖျားဆုံးအပိုင်းမှာ တည်ရှိပါတယ်။ တိုကျို၊ အိုဆာကာတို့ရှိတဲ့ ဂျပန်နိုင်ငံရဲ့ပင်မကျွန်းတွေထက် အပူချိန်လျော့နည်းတာကြောင့် သာမန်အချိန်မှာတောင်အအေးဓာတ်ကို ခံစားရပြီးတော့ ဆောင်းတွင်းမှာဆိုရင်တော့ အပူချိန်ကအနုတ်အောက်ကိုရောက်ရှိပြီး  နှင်းတွေခဲနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဆောင်းရာသီဆိုရင် နှင်းတွေအမြဲကျလေ့ရှိတာကြောင့် နှင်းတွေကိုကြည့်ပြီး ဆောင်းတွင်းရဲ့အနှစ်သာရကို ခံစားချင်တွေအတွက်ကတော့ Hokkaidoက လည်ပတ်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်နဲ့နီးတဲ့အတွက် ပင်လယ်စာအစားအသောက်ကောင်းတွေလည်းရှိတာကြောင့် အစားအသောက်ကြိုက်တဲ့သူ တွေအတွက်လည်းသင့်တော်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

ဒါဆိုရင်Hokkaiကို ဘယ်လိုသွားမယ်။ သွားလည်လို့ကောင်းတဲ့နေရာတွေ၊ ဘယ်လိုအစားအသောက်ကောင်းတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ 

(1) Hokkaidoက ဘယ်မှာရှိသလဲ။

(2) Hokkaidoကို ဘယ်လိုသွားမလဲ။

(3) Hokkaidoရဲ့ လည်ပတ်လို့ကောင်းတဲ့နေရာများ

(4) Hokkaidoရဲ့အစားအသောက်ကောင်းတွေ

(1) Hokkaidoက ဘယ်မှာရှိတာလဲ။

Hokkaidoက ဂျပန်နိုင်ငံရဲ့မြောက်ပိုင်းမှာတည်ရှိတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ပင်မကျွန်းတွေနဲ့ ထိစပ်မနေဘဲသီးသန့်ကျွန်းအနေနဲ့ တည်ရှိနေပါတယ်။ ဂျပန်မြေပုံမှာHokkaidoရဲ့တည်နေရာကို ကြည့်ရင် ပိုပြီးတော့နားလည်ရလွယ်ပါလိမ့်မယ်။

(2) Hokkaidoကို ဘယ်လိုသွားမလဲ။

သီးသန့်ဖြစ်တည်နေတဲ့ကျွန်းဖြစ်တာကြောင့်မလို့ Hokkaidoကိုသွားမယ်ဆိုရင်လေကြောင်းခရီးနဲ့ သွားတာကပိုပြီးအဆင်ပြေပါမယ်။ တိုကျိုကနေဆိုရင် ကျည်ဆန်ရထားပြေးပေမယ့် အချိန်ကြာတာရယ်၊ သွားရလာရတာခက်ခဲတာကြောင့် လေယာဥ်နဲ့သွားတာက ပိုပြီးတော့ အဆင်ပြေပါတယ်။ Hokkaidoလေဆိပ်နာမည်ကတော့ New Chitose Airportဖြစ်ပြီး ဂျပန်လိုဆိုရင်တော့ 新千歳空港 ဖြစ်ပါတယ်။ ပျံသန်းတဲ့လေကြောင်းလိုင်းတွေကတော့ ဂျပန်နိုင်ငံရဲ့နာမည်ကျော်လေကြောင်းလိုင်းတွေဖြစ်တဲ့ ANA, JALတို့အပြင် ဈေးသက်သာတဲ့ လေကြောင်းလိုင်းတွေဖြစ်တဲ့ Air Do, Peach, Jet Star အစရှိတဲ့လေကြာင်းလိုင်းတွေလည်း ပျံသန်းပါတယ်။ 

(3) Hokkaidoရဲ့ သွားလည်သင့်တဲ့နေရာတွေ

Hokkaidoရဲ့မြို့တော်ကSapporoဖြစ်ပါတယ်။ ဒါကြောင့်မလို့Hokkaidoကိုသွားလည်မယ်ဆိုရင် Sapporoကိုတော့သွားသင့်ပါတယ်။ Sapporoအတွင်းထဲမှာ ပိုပြီးသွားသင့်တဲ့နေရာတွေကို ဆက်လက်ရေးသားသွားပါမယ်။

  1. Sapporo Tower

တိုကျိုမှာ Tokyo Tower၊ Kyotoမှာ Kyoto Tower၊ Nagoyaမှာ Nagoya Towerရှိသလို Sapporoမှာလည်း Sapporo Towerရှိပါတယ်။ ဓာတ်ဖမ်းချင်သူတွေအတွက် ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာဖြစ်သလို ဆောင်းရာသီဆိုရင်အနီးနားက ပန်းခြံဖြစ်တဲ့ Oodoriပန်းခြံမှာ နှင်းတွေကျတာကြောင့် နှင်းတွေနဲ့လည်းဆော့ကစားနိုင်ပါတယ်။

  1. Suzukino

အစားအသောက်ကောင်းတွေကိုစားချင်ရင်တော့ Suzukinoကိုသွားဖို့ အကြံပေးချင်ပါတယ်။ Hokkaidoရဲ့ နာမည်ကြော်အသားကင်ဆိုင်တွေ၊ ရာမန်ဆိုင်တွေနဲ့ ပါဖေးဆိုင်တွေက Suzukinoမှာ ရှိပါတယ်။ ဒါ့အပြင်Suzukinoလမ်းဆုံက ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာလည်းရှိပါတယ်။ 

မြို့တော်Sapporoပြီးရင် သွားလည်သင့်တဲ့တခြားမြို့တွေကိုဆက်လက်ပြောပြချင်ပါတယ်။ 

. Asahikawa

Asahikawaမှာဆိုရင် လူသွားများတဲ့နေရာကတော့ Asahikawa တိရိစ္ဆာန်ဦးယျာဥ်ဖြစ်ပါတယ်။ အေးတဲ့ဒေသမှာဘဲ တွေ့ရနိုင်တဲ့ပိုလာဝက်ဝံတွေ၊ အခြားသောအအေးကြိုက်တဲ့ တိရိစ္ဆာန်လေးတွေကို တွေ့နိုင်တာကြောင့် ဂျပန်လူမျိုးတွေသာမက တခြားနိုင်ငံခြားသားခရီးသွားတွေအကြိုက်တွေ့တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

အစားအသောက်မှာဆိုရင်တော့ Asahikawaရာမန်ကနာမည်ကြီးပါတယ်။

. Otaru

. Hakotate

. Christmas Tree

Hokkaidoမှာတခြားသွားဖို့တိုက်တွန်းချင်တဲ့နေရာကတော့ Christmas Treeလို့ ခေါ်တဲ့နေရာဖြစ်ပါတယ်။ လယ်ကွင်းပြင်မှာ သစ်ပင်ကြီးတစ်ပင်တည်းထီးထီးကြီးရှိနေပေမယ့် ဆောင်းရာသီရောက်ရင်လှပတာကြောင့် ဒီနေရာကိုသီးသန့်လာရောက်တဲ့သူတွေမနည်းပါဘူး။ အထူးသဖြင့်တရုတ်လူမျိုးတွေ၊ ကိုယ်ရီးယားလူမျိုးတွေအရမ်းများပြီးဂျပန်လူမျိုးတွေ၊ မြန်မာလူမျိုးတွေကို မတွေ့သလောက်ပါဘဲ။ ရိုမန်တစ်ဆန်ဆန်သွားချင်ရင်တော့ သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ သွားမယ်ဆိုရင်တော့ Asahikawaဘူတာကနေ Bieဆိုတဲ့ဘူတာဆီကို မိနစ်(၄၀)လောက်ရထားစီးရပါမယ်။ Bieဆိုတဲ့ဘူတာရောက်ရင်တော့ တက္ကစီနဲ့ (၁၀)မိနစ်လောက် ထပ်စီးရင်ရောက်ပါမယ်။ အချိန်ရှိရင်တော့ သွားလည်ဖို့အတွက်တိုက်တွန်းချင်ပါတယ်။ 

(4) Hokkaidoရဲ့အစားအသောက်ကောင်းတွေ

Hokkaidoက ရေပတ်လည်ဝိုင်းရံထားတဲ့ကျွန်းတစ်ခုဖြစ်တာကြောင့် ပင်လယ်စာတွေနာမည်ကြီးပါတယ်။ အထူးသဖြင့် 海鮮刺身(かいせんさしみ)လို့ခေါ်တဲ့ပင်လယ်စာအစိမ်းတွေ (အစိမ်းပေမယ့် အရသာရှိပါတယ်)၊ တခြားပင်လယ်စာအစားအသောက်တွေလည်းရှိပါတယ်။

နောက်တစ်မျိုးကတော့ スプカレーလို့ခေါ်တဲ့カレーအမျိုးအစားဖြစ်ပါတယ်။ သာမန်အရာနဲ့မတူတဲ့ အရာဖြစ်တာကြောင့်စမ်းစားကြည့်သင့်ပါတယ်။

နောက်တစ်မျိုးကတော့ ジンギスカンလို့ခေါ်တဲ့ သိုးသားအကင်ဖြစ်ပါတယ်။ သာမန်အကင်လိုဘဲ သိုးသားကိုကင်ရတာဖြစ်ပြီး ဒီအစားအစာကလည်းHokkaidoဟာနာမည်ကြီးတာကြောင့် (၁)နာရီ၊ (၂)နာရီလောက်တန်းစီပြီး စားရတာတွေလည်းရှိပါတယ်။

နောက်တစ်မျိုးကတော့ Ramenဘဲဖြစ်ပါတယ်။ အရသာမျိုးစုံတဲ့Ramenတွေရှိပြီးတော့ New Chitose Airportမှာဆိုရင် Ramenအမျိုးအစားအစုံကိုစားနိုင်မယ့် ラーメン道場လို့ခေါ်တဲ့ နေရာလည်းရှိတာကြောင့် Ramenကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့မယ့်အရာဘဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ Hokkaidoကိုလည်ပတ်တာတွေနဲ့ ပတ်သက်ပြီးရေးသားခဲ့ပါတယ်။ ပိုပြီး သိချင်တာတွေရှိရင် ဒါမှမဟုတ် တခြားသိချင်တာတွေရှိရင်လည်း လာရောက်ပြီးမေးမြန်းနိုင်ပါတယ်။