Work Visa အကြောင်း တစေ့တစောင်း

    • တက္ကသိုလ်ကနေ ဘွဲ့တစ်ခုခုရထားတယ်
    • JLPTကို N3အထက် အောင်ထားတယ်

    ဒါဆိုရင် ဂျပန်နိုင်ငံမှာ Work Visaနဲ့ အလုပ်လုပ်လို့ရပါပြီ။


    (1) Work Visaဆိုတာဘာလဲ?

    • Work Visaဆိုတာ အလွယ်ပြောရရင် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သားတွေကို ခန့်အပ်တဲ့ အလုပ်ဗီဇာဖြစ်ပါတယ်။
    • Visaအမျိုးအစားကတော့ Engineer/ Specialist in Humanities/ Int’l Servicesဆိုတဲ့အမျိုးအစားဖြစ်ပါတယ်။
    • မှတ်ရအလွယ်ဆုံးပြောရရင် အလုပ်ဗီဇာထဲမှာ ပရော်ဖက်ဆာဆိုတဲ့ဆရာအလုပ်နဲ့လာတဲ့ဗီဇာပြီးရင် အမြင့်ဆုံးဗီဇာလို့ပြောနိုင်ပါတယ်။
    • ဘယ်လိုအလုပ်အကိုင်တွေရှိမလဲဆိုရင် ITနဲ့ပတ်သက်တဲ့ System Engineerတွေ၊ ဘာသာပြန်အလုပ်တွေ၊ ဟိုတယ်စတဲ့နေရာရဲ့receptionအလုပ်တွေ၊ တခြားအများကြီးရှိပါတယ်။
    • ဒီလိုအလုပ်တွေလုပ်ဖို့ဆိုရင် အခြေခံတတ်စရာတွေဘာတွေမလိုပါဘူး။ ဂျပန်စာတစ်ခုတည်းတတ်ရုံ၊ JLPTအောင်လက်မှတ်ရှိရုံနဲ့လုံလောက်ပြီး ကျန်တာက ဂျပန်ရောက်ပြီးမှသင်ပေးတာကများပါတယ်။
    • ဗီဇာသက်တမ်းကတော့ (၁)နှစ်၊ (၃)နှစ်၊ (၅)နှစ်ဆိုပြီးရှိပြီးတော့ အကန့်အသတ်မရှိပါဘူး။ သက်တမ်းအမြဲတိုးနိုင်ပါတယ်။

    (2) Work Visaရဲ့ ကောင်းတဲ့အချက်တွေက ဘာလဲ။

    • ဂျပန်လူမျိုးတွေနဲ့တန်းတူလစာရပါတယ်။ လစာတင်သာမကဘဲ Bonus (အပိုဆုကြေး) ကိုလည်းတန်းတူရရှိပါတယ်။
    • တချို့အလုပ်တွေဆိုရင် ဂျပန်မှာနေထိုင်ဖို့အတွက်ပါ အိမ်စတာတွေထောက်ပံ့ပေးတာရှိပါတယ်။
    • Visaသက်တမ်းကလည်း အကန့်အသတ်မရှိဘဲ အမြဲသက်တမ်းတိုးနိုင်လို့ မိမိနေချင်သလောက် ဂျပန်မှာနေနိုင်ပါတယ်။

    (3) Work Visaကိုဘယ်လိုလျှောက်မလဲ။

    • မြန်မာပြည်က အလုပ်ခေါ်တဲ့ Agencyတွေကတဆင့် လျှောက်နိုင်ပါတယ်။
    • Agencyတွေဆီက မလျှောက်ချင်ဘူးဆိုရင်လည်း ကိုယ်တိုင်ဂျပန်ကုမ္ပဏီတွေဆီကိုတိုက်ရိုက်လျှောက်လို့လည်းရပါတယ်။
    • အလုပ်ခေါ်တဲ့ Formမှာ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်ပြီးတင်လိုက်မယ်ဆိုရင် သူတို့ဘက်က အင်တာဗျူးခေါ်လာပါလိမ့်မယ်။
    • အင်တာဗျူးအောင်ရင်တော့ အလုပ်ခန့်စာ၊ ဗီဇာရပြီး ဂျပန်မှာအလုပ်သွားလုပ်လို့ရပါပြီ။
    • အခြေခံအားဖြင့်လိုအပ်တဲ့အရည်အချင်း၊အချက်အလက်တော့ တက္ကသိုလ်တစ်ခုခုကနေဘွဲ့ရရမယ်။ JLPTကို N3နဲ့အထက်အောင်ရပါမယ်။
    • Adminကိုယ်တိုင်လည်း ဂျပန်ကုမ္ပဏီကို တိုက်ရိုက်အလုပ်လျှောက်ပြီး လက်ရှိဂျပန်မှာ Work Visaနဲ့အလုပ်လုပ်နေပါတယ်။
    • တခြားသိလိုတာတွေရှိရင်တော့ pageမှာ မေးမြန်းနိုင်ပါတယ်။ သိတာတွေကိုမျှဝေပေးသွားပါမယ်။