kanjiစာလုံးတွေရဲ့ အသံထွက်ကို ဘေးမှာရေးထားပေးပါတယ်။ Hiraganaကတော့訓読みဖြစ်ပြီးKatakanaကတော့音読みဖြစ်ပါတယ်။
| ခန်းဂျီးများ | အဓိပ္ပာယ် | ဥပမာစာကြောင်းများ |
| 村(むら)(ソン) | တောရွာ | 小さな村に行きます。 ရွာငယ်လေးကို သွားပါမယ်။ |
| 区(ク) | ခရိုင်ခွဲ | 中央区に住んでいます。 ချုးအိုးခရိုင်ခွဲမှာ နေထိုင်နေပါတယ်။ |
| 体(からだ)(タイ) | ကိုယ်ခန္ဓာ | 体に気をつけてください。 ကျန်းမာရေးကို ဂရုစိုက်ပါ။ |
| 首(くび)(シュ) | လည်ပင်း | 首が痛いです。 လည်ပင်းနာပါတယ်။ |
| 顔(かお)(ガン) | မျက်နှာ | 顔を洗います。 မျက်နှာ သစ်ပါမယ်။ |
| 心(こころ)(シン) | စိတ်နှလုံးသား | 心を落ち着かせます。 စိတ်နှလုံးသားကို တည်ငြိမ်အောင်လုပ်ပါမယ်။ |